ကွန်ပျူတာအခြေခံအပိုင်း
(၁)
ကွန်ပျူတာကို
သုံးစွဲသူတိုင်းကလည်း ကွန်ပျူတာရဲ့ အခြေခံအချက်အလက်၊ ကွန်ပျူတာအခေါ်အဝေါ်များကို သိထားသင့်ပါတယ်…
ကွန်ပျူတာမှာ
အစိတ်အပိုင်းများစွာ ပါဝင်ပါတယ်… အဓိက ပါဝင်တာကတော့ -
ကွန်ပျူတာ
Casing မှာ အဓိကအစိတ်အပိုင်းများကို တပ်ဆင်ထားပါတယ်…
Casing မှာ ၂-မျိုးရှိပါတယ်… Desktop Casing နဲ့ Tower Casing
ပါ…
Monitor ကတော့ စာတွေ၊ ပုံတွေမြင်ရအောင် လုပ်ပေးထားတဲ့ကိရိယာပါ…
Keyboard ကတော့ ကွန်ပျူတာထဲကို အချက်အလက်များ၊
ညွှန်ကြားချက်တွေကို ထည့်ပေးနိုင်တဲ့ ကိရိယာပါပဲ…
Mouse ကတော့ မိမိရွေးချယ်လိုတဲ့အရာ၊ ရွှေ့ ပြောင်းလိုတဲ့အရာတွေကို
လုပ်ဆောင်နိုင်တဲ့ လက်ကိုင်ကိရိယာလေးပါ…
Printer ကတော့ ကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို
စာရွက်နဲ့  ထုတ်နိုင်တဲ့ ကိရိယာပါ…
Modem ကတော့ ဖုံးလိုင်းမှတစ်ဆင့် ကွန်ပျူတာအချင်းချင်း
ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ကိရိယာပါ… Modem ကို အပြင်ဖက် (သို့ မဟုတ်)
ကွန်ပျူတာ Casing အတွင်းမှာ တပ်ဆင်အသုံးပြုနိုင်ပါတယ်…
ကွန်ပျူတာမှာ
Hardware နဲ့  Software ဆိုပြီး ၂-မျိုးရှိပါတယ်…
Hardware ဆိုတာ ကွန်ပျူတာကို မြင်နိုင်ပြီး ထိတွေ
့နိုင်တဲ့အရာမှန်သမျှကို Hardware လို့  ခေါ်ပါတယ်… ဒါကြောင့် Computer Case,
Monitor, Keyboard နဲ့  Mouse တို့ ဟာ Hardware ပဲ ဖြစ်ပါတယ်…
Software
ဆိုတာကတော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ကွန်ပျူတာကို ခိုင်းစေနိုင်တဲ့ ညွှန်ကြားချက်တွေကို
ဆိုလိုတာပါ… ထိတွေ့ လို့  မရနိုင်ပါဘူး…
Software ကို Application Software နဲ့ 
Operating System Software ဆိုပြီး ၂-မျိုး ခွဲထားပါတယ်…
Application Software ဆိုတာက မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး
ကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ ညွှန်ကြားချက်တွေကို ဆိုလိုတာပါ… ရုံးလုပ်ငန်းလုပ်တဲ့သူတွေအတွက်
စာစီစာရိုက်လုပ်နိုင်တဲ့ Microsoft Word, PageMaker၊ အစည်းအဝေးတွေမှာ Slide Show လုပ်ပြီး
Presentation လုပ်ဆောင်နိုင်တဲ့ Microsoft PowerPoint၊ အချက်အလက်များ ထည့်သွင်း သိမ်းဆည်းထားနိုင်တဲ့
Micosoft Access၊ စာရင်းဇယားများ တွက်ချက်ထည့်သွင်းနိုင်တဲ့ Microsoft Excel၊ ဒီဇိုင်းများ၊
ရုပ်ပုံများကို ပြင်ဆင်နိုင်တဲ့ PhotoShop၊ အခြေခံအင်ဂျင်နှီယာပုံများ ဆွဲနိုင်တဲ့
AutoCAD ဆိုတာတွေဟာ Application Software လို့  ခေါ်ပါတယ်
Operating Software ဆိုတာကတော့ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်အားလုံးကို
ထိန်းချုပ်ပေးနိုင်တဲ့ အရာပါပဲ… ကွန်ပျူတာတစ်ခုမှာ Operating System Software ဟာ မရှိမဖြစ်လိုအပ်တာပါ…
အခုနောက်ပိုင်း ကွန်ပျူတာမှာ တင်ထားတတ်တဲ့ Windows XP, Vista နဲ့  Windows 7 ဆိုတာတွေဟာ
Operating System Software ပါ…
ကွန်ပျူတာအလုပ်လုပ်ပုံ
ကွန်ပျူတာဆိုတာ
အချက်အလက်များ စုဆောင်းသိမ်းဆည်းခြင်းနဲ့  အချက်အလက်များကို ပြန်လည်ထုတ်ပေးနိုင်တဲ့
ကိရိယာပါ…
Input
ကွန်ပျူတာထဲကို
အချက်အလက်ထည့်ပေးနိုင်တဲ့ Keyboard၊ အမိန့် ပေးတာတွေကို ကူးယူရွှေ့ ပြောင်းနိုင်တဲ့
Mouse၊ Game ကစားရာတွင် အသုံးပြုတဲ့ Joystick တို့ ကို Input Device လို့ ခေါ်ပါတယ်…
Process
ကွန်ပျူတာမှာ
အဓိက ထိန်းချုပ်ထားတဲ့အရာကတော့ CPU ပါ… Central Processing Unit ပါ… ကွန်ပျူတာတစ်ခုလုံးရဲ့
လုပ်ဆောင်ချက်အားလုံးကို ထိန်းချုပ်ပေးထားတဲ့အရာပါ…
Store
ကွန်ပျူတာရဲ့
အချက်အလက်တွေကို သိမ်းဆည်းပေးထားတဲ့ ကိရိယာကတော့ Hard Drive လို့ ခေါ်တဲ့ Harddisk ပါ…
များသောအားဖြင့် Hard drive C အဖြစ် သိကြမှာပါ… အရင်က Floppy drive၊ Tape drive တို
့ကို သုံးပေမဲ့ အခု မသုံးတော့သလောက်ပါပဲ… ခုချိန်မှာ Memory Stick၊ CD-R၊ CD-RW၊
DVD Drive တို့ ကို သုံးလာကြပါပြီ…
Output
အချက်အလက်တွေ၊
ပုံတွေကို မြင်ရတဲ့ Monitor၊ အသံတွေကို နားထောင်လို့ ရတဲ့ Speakers၊ Microphone၊ စာရွက်နဲ
့ထုတ်မြင်ရတဲ့ Printer စတာတွေဟာ Output Device တွေပဲ ဖြစ်ပါတယ်…
Bytes
Byte ဆိုတာ
မိမိသိမ်းဆည်းလိုက်တဲ့ ကွန်ပျူတာအချက်အလက်က Size ဘယ်လောက်လဲဆိုတာ တိုင်းတာတဲ့စနစ်ပါ..
ကိုယ်သိမ်းဆည်းလိုက်တဲ့ စာက ဘယ်လောက် KB ရှိတယ်၊ သီချင်းက ဘယ်လောက် MB ရှိတယ်၊ ဓါတ်ပုံက
ဘယ်လောက် MB ရှိတယ်ဆိုတာ ပြောတတ်ဖို့ လိုပါတယ်… တွက်တတ်ဖို့  လိုပါတယ်… ကိုယ့်ရဲ့ ကွန်ပျူတာ
Hard disk က ဘယ်လောက် GB ရှိတယ်ဆိုတာ ပြောနိုင်ဖို့  လိုပါတယ်…
Byte
One byte
ဆိုတာ One character ပါ… နံပါတ်တစ်ခု၊ စာတစ်ခု (သို့ မဟုတ်) သင်္ကေတတစ်ခု ဖြစ်နိုင်ပါတယ်
Kilobyte (K)
One
kilobyte is 1,024 characters.
1
Kilobyte = 1,024 Bytes = 103 Bytes (nearly)
Megabyte
(MB)
One
megabyte is 1,048,576 characters
1
Megabyte = 106 Bytes
Gigabyte
(GB)
One
gigabyte is 1,073,741,824 characters
1
Gigabyte = 109 Bytes
Terabyte
(TB)
One
terabyte is 1,099,511,627,776 characters
1
Terabyte = 1012 Bytes
ခုလိုအခြေခံကစပြီးသင်ကြားပေးတဲ့ဆရာကိုကျေးဇူးအထူးတင်ပါတယ်ဗျာ
ReplyDelete