Laptop ၏စံချိန်စံညွှန်းများ
.
Laptop ရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ Optical Drives, Hard Drives, Memory, Internal Expansion
Cardsစတာတွေကို အလွယ်တကူ ဖြုတ်/တပ်နိုင်ဖို့၊ Upgrade လုပ်နိုင်ဖို့အတွက် Standard
အနေဖြင့် သတ်မှတ် လာကြပါတယ်။ထုတ်လုပ်သူနဲ့ အမျိုးအစားပေါ်မူတည်ပြီး standard
အမျိုးမျိုးရှိပါတယ်။ ယေဘုယျအားဖြင့် Motherboard, Internal Components တွေဟာ
အပြောင်းအလဲပြုလုပ်လို့ မရနိုင်သလို Upgrade ပြုလုပ်လို့လည်းမရပါဘူး။ ကျိုးပဲ့ပျက်စီးသွားရင်
အသစ်တစ်ခုနဲ့ အစားထိုးသုံးစွဲရမှာဖြစ်ပါတယ်။
အများအားဖြင့် Motherboard ဟာ Model Specific ဖြစ်ပြီး ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်လိုက်တဲ့
Motherboard ထဲက အစိတ်အပိုင်းတွေဟာ တခြား Motherboard ထုတ်လုပ်သူတစ်ယောက်
ထုတ်လုပ်လိုက်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေနဲ့ လဲလှယ်တတ်လို့ မရပါဘူး။ Laptop အစိတ်အပိုင်း
တွေအနေနဲ့ standard ဖြစ်ဖို့အတွက် Intel, Asus, Compaq, Auanta နဲ့ အခြားထုတ်လုပ်
သူတွေက Common Building Block Standard ကို Laptop ပစ္စည်းများလဲလှယ်တပ်ဆင်ရာမှာ
အဆင်ပြေစေဖို့ အတွက်ဆောင်ရွက်လာကြပါတယ်။
Laptop ရဲ့အားသာချက်များ
Portability
Laptop ကို အလွယ်တကူသယ်ယူနိုင်ပြီး နေရာမရွေး အသ;ုံပြုနိုင်ပါတယ်။ အိမ်၊ ရုံး၊ ကော်ဖီဆိုင်၊
စာသင်ခန်းမ၊စာကြည့်တိုက်၊ အစည်းဝေးခန်းမ တွေမှာသာမက ခရီးသွားနေစဉ် လေယာဉ်၊ ရထား
တွေပေါ်မှာလည်းအသုံးပြုနိုင်ပါတယ်။ Laptop ကိုနေရာမရွေးအသုံးပြုနိုင်တာကြောင့် ဆက်သွယ်မှု
နည်းပညာပိုမိုအဆင့်မြင့်လာပြီးနေရာ ဒေသမရွေးအလွယ်တကူ ဆက်သွယ်လာနိုင်ပါတယ်။
Getting more done -
Laptop တွေကို နေရာမရွေး၊ အချိန်မရွေးအသုံးပြုနိုင်တဲ့အတွက် အလုပ်ကို ပိုမိုတွင်ကျယ်စွာ
လုပ်ကိုင်နိုင်ပါတယ်။ ဥပမာ - Office worker တစ်ယောက်ဟာ ရထားစီးနေရင်း သူ့ရဲ့အလုပ်တွေကို
စီမံ Manage လုပ်နိုင်လာပါတယ်။ ကျောင်းသား တွေအနေနဲ့လည်း အားလပ်ချိန်မှာ ကျောင်း
Canteen ကနေ သူ့ရဲ့ သင်ခန်းစာ တွေကိုလုပ်ဆောင်နိုင်ပါတယ်။
Immediacy -
Laptop တွေကို အလွယ်တကူသယ်ယူနိုင်ခြင်းကြောင့် information တွေ work files တွေကို
လိုအပ်တဲ့အချိန်မှာ access လုပ်နိုင်ပါတယ်။ ထို့ပြင် Problems တွေကို ချက်ခြင်းဖြေရှင်းနိုင်ပါတယ်။
Connectivity -
Laptop တွေမှာ Wi-fi Wireless Network, Cellular Broadband Data Services (HSDPA, EVDO)
တွေကိုထည့်သွင်းထားပါတယ်။ ဒါကြောင့် Internet နဲ့ Local Network တွေကို အလွယ်တကူ
ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Wi-fi Network တွေကို University campus တွေမှာ အများဆုံးတွေ
နိုင်ပါတယ်။
Size -
Laptop တွေဟာ desktop တွေထက် အရွယ်အစားသေးငယ်ပါတယ်။ နေရာရှားပါးတဲ့ small
apartment တွေ၊ကျောင်သားအဆောင်တွေမှာ laptop တွေဟာ အလွန်အသုံးဝင်ပါတယ်။
အသုံးမပြုတဲ့ အချိန်မှာ laptop ကိုပိတ်ပြီးသိမ်းထားနိုင်ပါတယ်။
Low Power Consumption -
Laptop တွေဟာ Desktop ထက် Power-consumption နည်းပါတယ်။ Laptop ရဲ့ Power
သုံးစွဲမှုဟာပျမ်းမျှ 20-90 W ရှိပြီး၊ Desktop ကတော့ 100-800 W ထိရှိနိုင်ပါတယ်။ Laptop ကို
အသုံးပြုရင် Power savingဖြစ်တဲ့အတွက်ကြောင့် စီးပွားရေးအရ အလွန်တွက်ခြေကိုက်ပါတယ်။
Quiet -
Laptop တွေဟာ အပူအနည်းငယ်သာထုတ်လုပ်တဲ့အတွက် Cooling Fan အနည်းငယ်သာ
လိုအပ်ပါတယ်။ဒါကြောင့် laptop တွေဟာ Desktop တွေထက်ပိုပြီး အသံငြိမ်ပါတယ်။
Battery -
မီးပျက်သွားတဲ့အချိန်မှာ Laptop ကို Battery နဲ့ နာရီအတော်ကြာအောင် ဆက်လက်အသုံးပြုနိုင်
ပါတယ်။ Desktopမှာတော့ UPS ကိုအသုံးပြုကြပြီး အများဆုံးနာရီဝက်လောက်ပဲ အသုံးပြုနိုင်ပါတယ်။
အခုပြောခဲ့တာတွေဟာ Laptop ရဲ့ စံချိန်စံညွှန်းတွေနဲ့ အားသာချက်တွေကိုပြောခဲ့ တာပါ။ Laptop
ဟာလွယ်ကူစွာသယ်ယူနိုင်ခြင်း စက်သံငြိမ်ခြင်းတို့ကြောင့် ကျယ်ပြန့်စွာအသုံးပြုနေကြပါပြီ။ ဒါပေမယ့်
Laptop ဟာ အတွင်းက ပစ္စည်းတွေပျက်ခဲ့ ရင် Desktop လို အလွယ်တကူတပ်ဆင်နိုင်ခြင်းမရှိတဲ့
အချက်ကတော့ Laptop ရဲ့ အဓိက အားနည်းချက် တစ်ရပ်ပင် ဖြစ်ပါတယ်။
Monday, 11 December 2017
Laptop ၏စံချိန်စံညွှန်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မှတ်ချက်ရေးသားထားခဲ့နိုင်ပါတယ်။ ကျေးဇူးပါ။