ထိပ်တန်း Antivirus program များ
1. Avast Free Antivirus
Avast ကတော့ လူအများရင်းနှီးပြီးသား Antivirus software တစ်ခုဖြစ်ပါတယ်။ Avast ဟာ
အသုံးပြုရလွယ်ကူခြင်း၊ Virus များကို ထိရောက်စွာကာကွယ်ပေး နိုင်ခြင်းအစရှိသည်တို့ကြောင့်
လူအများနှစ်ခြိုက်စွာအသုံးပြုလျှက်ရှိပါတယ်။ Avast ဟာသင့်ကွန်ပျူတာအတွင်းမှ virus များ၊
malware များ၊ Trojans များ၊ ကိုရှာဖွေပေးနိုင်ယုံသာမကပဲ Network
မှတဆင့်ထပ်မံဝင်ရောက်လာခြင်း Website များမှတဆင့်ဝင်ရောက်လာခြင်း စသည်တို့ကိုလည်း
ကာကွယ်ပေးနိုင်ပါတယ်။ သင့်ကွန်ပျူတာ အတွင်း နောက်ထပ် virus များမ၀င်ရောက်နိုင်
အောင်လည်း ကာကွယ်တားဆီးပေးမှာဖြစ်ပြီး update လုပ်ရာမှာလည်း လွယ်ကူအဆင်ပြေ
တာကြောင့် လူကြိုက်များသော Antivirus software တစ်ခုဖြစ်ပါတယ်။
2. Avira AntiVir Personal - Free Antivirus
လွန်ခဲ့တဲ့နှစ်မှစတင်၍အောင်မြင်လူသိများလာခဲ့တဲ့ Antivirus လေးတစ်ခုဖြစ်ပါတယ်။
အသုံးပြုရလွယ်ကူပြီး automatic update စနစ်ပါဝင်တာကြောင့် user အများအပြား
နှစ်သက်စွာအသုံးပြုလျှက်ရှိတဲ့ Program တစ်ခုဖြစ်ပါတယ်။ Avira ဟာ ဖိုင် size
သေးငယ်ပြီးပေါ့ပါးလွယ်ကူတာကြောင့် မည်သည့်ကွန်ပျူတာနှင့်မဆို ကိုက်ညီမှုရှိပါတယ်။
နောက်ဆုံးထွက်တဲ့ version မှာတော့ antispyware protection စနစ်ထပ်မံထည့်သွင်းပေးထားပြီး
Lock ဖိုင်များ၊ hidden ဖိုင်များအတွင်းရှိ virus များကိုပါရှာဖွေပေးနိုင်ပါတယ်။ အနောက်နိုင်ငံရှိ
ဆော့ဖ်ဝဲသုတေသီတွေကတော့ Avira ဟာ အကောင်းဆုံးနှင့် လုံခြုံစိတ်ချမှုအရှိဆုံး antivirus
software တစ်ခုလို့ သုံးသပ်ပြောဆိုခဲ့ကြပါတယ်။ Virus များအား Scan ဖတ်ရှာဖွေရာမှလည်း
လွယ်ကူမြန်ဆန်ပြီး Scheduler အနေဖြင့်လည်း နေ့စဉ် Scan ပြုလုပ်ပေးရန်
စေခိုင်းထားလို့ရပါတယ်။
3. Malwarebytes Anti-Malware
Malwarebytes Anti-Malware ဟာ အင်တာနက်မှတဆင့်အခမဲ့ download
ရယူကာအသုံးပြုနိုင်သော anti-malware tool တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ malware များကို
အလျှင်မြန်ဆုံးရှာဖွေပေးနိုင်ပြီး 10 မိနစ်အတွင်းရှင်းလင်းပေးနိုင်ပါတယ်။ ထို့ပြင် အန္တရယ်ရှိသော
application များကိုပါရှာဖွေပေးနိုင်ပြီး အသုံးပြုသူအား သတိပေးချက်များထုတ်ပြန်ပေးမှာဖြစ်ပါတယ်။
Malwarebytes Anti-Malware ရဲ့ နောက်ထပ်အားသာချက်တစ်ရပ်ကတော့ multiple drive
အနေဖြင့်တစ်ပြိုင်နက် Scan ပြုလုပ်နိုင်ခြင်းဖြစ်ပြီး Lock ဖိုင်များအတွင်းကပ်ညိနေသော malware
များကိုပါ ရှာဖွေပေးနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Interface မှာရှင်းလင်းလွယ်ကူတာကြောင့် မည်သူမဆို
အခက်အခဲမရှိအသုံးပြုနိုင်ပြီး update ပြုလုပ်ရာမှာလည်း လွယ်ကူတာကြောင့် အကောင်းဆုံး Antimalware
application တစ်ခုလို့်ဆိုနိုင်မှာဖြစ်ပါတယ်။
4.ThreatFire AntiVirus Free Edition
ThreatFire AntiVirus ဟာ malware နှင့် virus များကို ရှင်းလင်းပေးနိုင်သည့် Freeware tool
တစ်ခုဖြစ်ပါတယ်။ ၎င်းဟာ malicious code များကိုပါ ရှင်းလင်းပေးနိုင်ပြီး
နောက်ထပ်မ၀င်ရောက်နိုင်အောင်လည်း ကာကွယ်ပေးထားမှာဖြစ်ပါတယ်။ ThreatFire ဟာ virus
အမျိုးမျိုးကို တားဆီးကာကွယ်ပေး နိုင်သည့် Program တစ်ခုဖြစ်ပြီး Trojans, Spyware , Adware
များအပြင် Keylogger များကိုပါ ရှာဖွေပေးနိုင်ပါတယ်။ Real-Time Protection အနေဖြင့်
အသုံးပြုရာမှာလည်း ကွန်ပျူတာအား နှေးသွားခြင်း၊ စွမ်းဆောင်ရည်ကျဆင်းသွားခြင်းများမရှိစေပဲ
အချိန်ပြည့်ကွန်ပျူတာအား စောင့်ကြပ်ကြည့်ရှုကာကွယ်နေမှာ ဖြစ်ပါတယ်။
Monday, 11 December 2017
ထိပ်တန်း Antivirus program များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
မှတ်ချက်ရေးသားထားခဲ့နိုင်ပါတယ်။ ကျေးဇူးပါ။