Monday, 11 December 2017

Laptop ၀ယ်မယ်ဆိုရင်

Laptop ၀ယ်မယ်ဆိုရင်တော့ ဘယ်လို Laptop အမျိုးအစားဟာ သင့်အတွက် သင့်တော်မလဲ? Laptop user အမျိုးအစား အများကြီးရှိပါတယ်။ ကျောင်းသုံး ၊ စီးပွားရေးလုပ်ငန်းသုံး၊ ဒီဇိုင်နာသုံးLaptop များအပြင် ဂိမ်း Laptop နှင့် ဒီဇိုင်းဆန်းသည့် အိမ်သုံး Laptop စတာတွေပါဝင်ပါတယ်။ ကျောင်းသားတွေ အတွက်ကတော့ အရွယ်အစားသေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတဲ့ Laptop ကောင်းကောင်း တစ်လုံးကတော့ မရှိမဖြစ်လိုအပ်လှပါတယ်။ စီးပွားရေးသမားတွေအတွက်ကတော့ အကြမ်းခံပြီး Security & Management Tools တွေပါဝင်တဲ့ Laptop အမျိုးအစားကို သုံးစွဲသင့်ပါတယ်။ Popular ဖြစ်ပြီးအသုံးများတဲ့ Laptop တွေကတော့ Lenovo's Think Pad နဲ့ Dell's Latitude တို့ပဲဖြစ်ပါတယ်။ ဓာတ်ပုံသမားတွေနဲ့မီဒီယာလုပ်ငန်းသမား တွေအတွက်ကတော့စွမ်းဆောင်ရည်မြင့်မားတဲ့ CPU, Graphic, Hard Drives တွေပါဝင်တဲ့ Laptop တွေလိုအပ်ပါတယ်။ Apple's MacBook Pro ဆိုရင် သင့်တော်ပါတယ်။ Gammer တွေအတွက် (4-8)GB RAM, 320 GB HDD, 17" or Larger Display နဲ့ အဆင့်မြင့် Graphic Card တွေပါဝင်တဲ့ Laptop တွေလိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် နောက်ဆုံးပေါ် ဂိမ်းအချို့ဟာ Graphic , Memory တို့အပြင် CPU Speed မြင့်မားဖို့လိုအပ်ပါတယ်။ အိမ်သုံး အတွက် ကတော့ Intel Core 2 Duo CPU, 2GB RAM, 250 GB HDD နဲ့ DVD drive တွေ ပါဝင်တဲ့ Laptop တွေသုံးစွဲသင့်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သင့်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး Blue-ray Drive ကိုလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဘယ်လို Drive အမျိုးအစားတွေ လိုအပ်မလဲ? Hard Drive – Hard Drive ဆိုတာကတော့ သင့်ကွန်ပျူတာအတွင်း Program ဖိုင်များ၊ Document ဖိုင်များ နှင့် အခြားသိမ်းဆည်းချင်တာတွေကို သိုလှောင် သိမ်းထားပေးတဲ့ နေရာဖြစ်ပါတယ်။ သီချင်းဖိုင်များ၊ ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံ တွေ အများကြီးသိမ်းဆည်းထားဖို့ မလိုဘူးဆိုရင် (80-120) GB Storage ပမာဏရှိ Hard Drive တွေအသုံးပြုရင် သင့်တော်ပါတယ်။ Data တွေအမြောက်အမြား သိမ်းထားဖို့လိုမယ်ဆိုရင်တော့ (250-500) GB Drive တွေ အသုံးပြုနိုင်ပါတယ်။ CD & DVD Drive – Laptop တိုင်းမှာ CD & DVD Drive တွေမပါဝင်ပါဘူး။ Netbook တွေမှာ Portable ဖြစ်စေဖို့ နှင့် ကုန်ကျစရိတ် သက်သာစေရန် CD & DVD Drive တွေကို ဖြုတ်ထားတတ်ပါတယ်။ ဗီဒီယိုတွေကြည့်ဖို့နဲ့ CD ကူးယူနိုင်ဖို့အတွက် External Drive တွေကို USB နဲ့ အသုံးပြုကြပါတယ်။ Laptop Connection အတွက် ဘာတွေလိုအပ်မလဲ? Bluetooth – Bluetooth ဆိုတာကတော့ Wireless Protocol တစ်ခုဖြစ်ပြီး Laptop နဲ့ Bluetooth ပါဝင်တဲ့ Phone တွေ Device တွေအကြား ကြိုးမဲ့ဆက်သွယ်နိုင်ပါတယ်။ အချို့ Phone တွေမှာ Bluetooth ပါဝင်ပြီး Wireless Internet Access အသုံးပြုနိုင်ပါတယ်။ အချို့ Mainstream Laptop တွေမှာ Bluetooth ကို ထည့်သွင်း လာကြပါတယ်။ Networking Option - Laptop တွေမှာ Ethernet (RJ-45), Modem နဲ့ Wireless Networking တွေ Built-In ပါဝင်ပါတယ်။ အခုနောက်ပိုင်းမှာ Wi-Fi Antenna တွေကိုလည်း ထည့်သွင်းအသုံးပြုလာကြပါတယ်။ PC Card/ Express Card – အရင်ကတော့ PCMCIA Card ကိုအသုံးပြုပြီး နောက်ပိုင်းမှာ express card တွေ အသုံးများလာပါတယ်။ Express card တွေကို High-Bandwidth Interfaces တွေဖြစ်တဲ့ Gigabit Ethernet Port နဲ့ HDTV Tuner တွေမှာ အသုံးပြုကြပါတယ်။ အပေါ်မှာပြောခဲ့တာတွေက Laptop ၀ယ်မယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေပါ။ အထက်ပါအချက် အလက်များကို သဘောပေါက်နားလည်ပြီး မိမိလိုအပ်တဲ့ Laptop အမျိုးအစားကိုရွေးချယ်ဝယ်ယူနိုင်ပါစေ။

No comments:

Post a Comment

မှတ်ချက်ရေးသားထားခဲ့နိုင်ပါတယ်။ ကျေးဇူးပါ။