Friday, 23 February 2018

ကွန်ပျူတာအခြေခံအပိုင်း (၃)



ကွန်ပျူတာအခြေခံအပိုင်း (၃)
ဒီနေ့ တော့ Keyboard အကြောင်းလေး အသေးစိတ်ရှင်းပြပါမယ်
Keyboard
Keyboard ဟာ ကွန်ပျူတာထဲကို အချက်အလက်များထည့်သွင်းနိုင်တဲ့ ခလုတ်လေးများပါဝင်ပါတယ်
Keyboard မှာ 101 Keys အနည်းဆုံးပါဝင်ပြီး ယခုအခါ 104, 105 Keyboard များကို အသုံးပြုပါတယ်
Escape Key
မိမိလုပ်နေတဲ့အလုပ်ကို Cancel လုပ်ချင်တဲ့အခါ Esc Key ကို နှိပ်ရပါမယ်
Function Keys
F1 ကနေ F12 အထိ ရှိတဲ့ Key ကို Function Key များလို့  ခေါ်ပါတယ်
မိမိသုံးစွဲသော Software ပေါ်မူတည်ပြီး Function Key ဟာ အသုံးဝင်တဲ့ Keys များပဲ ဖြစ်ပါတယ်တော်တော်များများ Program တွေမှာ F1 Key ကို နှိပ်ရင် Help information ပေါ်လာမှာပါ
Alt+F4  နှိပ်လျှင် မိမိဖွင့်ထားသော Windows ကို ပိတ်သည့်အခါ သုံးနိုင်ပါတယ်..
မည်သည့် Windows မှ ဖွင့်မထားပဲ Alt+F4 ကို နှိပ်လျှင် Shut Down Dialog Box ပေါ်လာမှာ ဖြစ်ပါတယ်
Backspace Key
Backspace Key ဟာ Cursor ရဲ့ ဘယ်ဖက်မှာရှိတဲ့ စာလုံးကို ဖျက်သည့်အခါ သုံးနိုင်ပါတယ်
Delete Key
Delete Key ကတော့ Cursor ရဲ့ ညာဖက်မှာရှိတဲ့ စာလုံးကို ဖျက်သည့်အခါ သုံးနိုင်ပါတယ်
Status Lights
Status Light ဟာ Num Lock ဒါမှမဟုတ် Caps Lock ပိတ်၊ မပိတ် ပြပါတယ်
Numeric Keypad

Numeric Keypad မှာ Num Lock မီးလင်းနေရင် နံပါတ်များကို သုံးနိုင်ပြီး Num Lock ပိတ်ထားပါက Screen ပေါ်မှာ Cursor ရွှေ့ ပြောင်းတာကို သုံးလို့ ရမှာဖြစ်ပါတယ်
Arrow Keys
Arrow Key များဟာ Screen ပေါ်မှာ Cursor ရွှေ့ ပြောင်းရာတွင် အသုံးပြုနိုင်ပါတယ်
Enter Key
မိမိအလုပ်ပြီးမြောက်တဲ့အခါ Enter Key ကို နှိပ်ပါတယ် စာရေးတဲ့ Program တွေမှာတော့ နောက်စာပိုဒ်တစ်ခုကို ပြောင်းလိုတဲ့အခါ Enter Key ကို နှိပ်ပါတယ်
Application Key
Application Key ဟာ Shortcut menu ပေါ်လိုတဲ့အခါ သုံးတဲ့ Key ပါ
Spacebar
Spacebar ဟာ Space ခြားချင်တဲ့အခါ သုံးပါတယ်
Windows Key
Windows key ကို နှိပ်ရင် Start menu ကို ဖွင့်လိုက်တာပါ
Ctrl and Alt Keys
Ctrl နဲ့  Alt Key များဟာ တခြား Key များနဲ့  တွဲနှိပ်ခြင်းဖြင့် အသုံးဝင်သော Command များ ပေးနိုင်ပါတယ်
Ctrl+S ဆိုလျှင် Save Command ပါ
Ctrl+C ဆိုလျှင် Copy ဖြစ်ပြီး Ctrl+V ဆိုလျှင် Paste ဖြစ်ပါတယ်..
တစ်ခုခုမှားသွားခဲ့လျှင် Ctrl+Z နှိပ်ပါက Undo Command နဲ့ တူပါတယ်
Ctrl+A ဟာ Select All ဖြစ်ပါတယ်
Caps Lock and Shift Keys
Caps Lock ဟာ စာအားလုံးကို Uppercase သုံးချင်တဲ့အခါမှာ သုံးတာပါ

သာမန်စာရေးတဲ့အခါ Caps Lock on ထားစရာမလိုပဲ Shift နဲ့  Letter Key တွဲနှိပ်ရင် Uppercase Letter ဖြစ်ပါတယ်
Types of Keyboard
Wireless
Wireless Keyboard သုံးတဲ့အခါ ကြိုးများနဲ့  ချိတ်ဆက်စရာမလိုတော့ပါ
Ergonomic
Ergonomic Keyboard ဟာ စာရိုက်တဲ့အခါ လက်ကောက်ဝတ်အနေအထားကို သက်တောင့်သက်သာရှိစေရန် ပြုလုပ်ထားတာပါ
Built-in Enhancements
တစ်ချို့ သောKeyboard များတွင် touchpad, microphone, speaker နဲ့  Volume Control များကို တပ်ဆင်ထားပါတယ်
Position your hands
မိမိလက်အနေအထားကို Keyboard မကြည့်ပဲ ထားနိုင်ရန် F နဲ့  J Key တို့ တွင် အဖုလေး ပြုလုပ်ထားပါတယ်
Keyboard Shortcuts
Keyboard Shortcut Key များတွင် Ctrl+S လို့ ပြထားလျှင် ပထမ Key ဖြစ်သော Ctrl Key ကို ဖိထားပြီး ဒုတိယ Key ဖြစ်သော S ကို နှိပ်ရမည် ဖြစ်ပါတယ်
Print Sceen ပြုလုပ်ခြင်း
Keyboard မှာပါတဲ့ PrtSc Key ဟာ Print Screen ပါ
၁။ မိမိ Monitor တွင် တင်ထားသောပုံကို လိုချင်လျှင် PrtSc Key ကို နှိပ်လိုက်ပါ
၂။ Start>>>All Program>>>Accessories>>>Paint ကို ဖွင့်လိုက်ပါ
၃။ Edit Menu ကို နှိပ်ပြီး Paste ပြုလုပ်ပါက မိမိ Monitor Screen ကို မြင်ရပါလိမ့်မယ်
၎။ File>>>Save as ကို နှိပ်ပြီး Save as type မှာ JPEG နဲ့  သိမ်းပါ Bitmap Image အနေနဲ့ သိမ်းလျှင် File Size ကြီးပါတယ်
Monitor ပေါ်ရှိ Windows ကိုသာ လိုချင်လျှင် Alt+PrtSc ကို နှိပ်ရပါမယ်

Paint တွင် Paste ပြုလုပ်ကြည့်ပါက Windows ကိုသာ Print ပြုလုပ်သွားပါမယ်

No comments:

Post a Comment

မှတ်ချက်ရေးသားထားခဲ့နိုင်ပါတယ်။ ကျေးဇူးပါ။