ကွန်ပျူတာအခြေခံအပိုင်း
(၄)
ဒီနေ့ 
Monitor အကြောင်း ရှင်းပြပါမယ်…
Monitor
Monitor ဟာ
Graphic Card ကြောင့် စာတွေ၊ ပုံတွေ မြင်ရတာပါ…
Graphic
Card ကို Video Adapter, Video Card, Video Board, Graphic Adapter စသဖြင့် ခေါ်ပါတယ်…
Size
Monitor အရွယ်အစားကို
Monitor ကို ထောင့်ဖြတ်တိုင်းတာပါတယ်… များသောအားဖြင့် ၁၄-လက်မ၊ ၁၅-လက်မ၊
၁၇-လက်မ၊ ၂၁-လက်မတို့ ကို အသုံးပြုပါတယ်…
Flat-panel
ယခုအခါ
Liquid Crystal Display (LCD) သုံးတဲ့ Flat-Panel Monitor များကို အသုံးပြုပါတယ်…
Screen Saver
Screen
Saver ဆိုသည်မှာ မိမိကွန်ပျူတာကို ခေတ္တအသုံးမပြုသောအချိန်တွင် Screen ကို Burn မဖြစ်စေရန်
ရွေ့ ရှားနေသော ရုပ်ပုံများ ထည့်ထားခြင်းကို ဆိုလိုပါတယ်…
Resolution
Resolution
ဆိုတာ Monitor မှာ ပြနေသော ရုပ်ပုံများရဲ့ အရည်အသွေးကို ပြတာပါ…
Resolution
ကို အလျားလိုက်နဲ့  ဒေါင်လိုက် Pixels များနဲ့  ဖော်ပြပါတယ်…
Monitor
Resolution ကို လိုအပ်သလို ပြောင်းပေးနိုင်ပါတယ်…
640x480
Pixels
800x600
Pixels
1,024x768
Pixels
1,280x1,024
Pixels
Resolution
နည်းရင် ပုံများဟာ ပိုကြီးပြီး အချက်အလက်များကို ရှင်းရှင်းလင်းလင်း တွေ့ မြင်နိုင်ပါတယ်…
Resoution
မြင့်ရင်တော့ ပုံများဟာ သေးငယ်ပြီး အချက်အလက်များကို ချက်ခြင်း ပြပေးနိုင်ပါတယ်….
Color Depth
Monitor
Screen ပေါ်မှာ အစစ်အမှန်ပုံရိပ်များပေါ်တာကို အရောင်အရေအတွက်နဲ့  တိုင်းတာ ဖေါ်ပြပါတယ်…
VGA
ယခင်က
VGA (Video Graphic Array) ဟာ အရောင်-၁၆ မျိုးသာပါပြီး Resolution မှာ 640x480
Pixels သာ ရှိပါတယ်…
SVGA
ယခုအခါ
SVGA (Super Video Graphics Array) Monitor များကို အသုံးပြုပြီး Resolution ပိုမြင့်ပါတယ်…အရောင်များနဲ
့ပတ်သက်ပြီး အခေါ်အဝေါ်လေးသိရန် တင်ပြပါတယ်…
16
Colors (4-bit color)
256
Colors (8-bit color)
65,536
Colors (16-bit color)
16,777,216
Colors (24-bit color)
Modem
Modem ဆိုတာ
တယ်လီဖုံးလိုင်းနဲ့  ဆက်သွယ်ပြီး အချက်အလက်များကို လွှဲပြောင်းလို့ ရတဲ့ အရာလေးပါ…
Phone Line
Modem ကို
အသုံးပြုဖို့  သီးခြား တယ်လီဖုံးတပ်ဆင်ရန် မလိုပါ… အသုံးပြုနေသော
တယ်လီဖုံးကိုပင် တယ်လီဖုံးရော Modem ပါ အသုံးပြုနိုင်ပါတယ်… လိုင်းတစ်ခုထဲကို
အသုံးပြုတဲ့အတွက် Modem အသုံးပြုချိန်မှာ တယ်လီဖုံးမှ Call waiting feature ကို ဖြုတ်ထားရပါတယ်…
Modem က ကွန်ပျူတာက
နားလည်အောင် အချက်အလက်များကို လက်ခံ ပြောင်းလဲပေးပါတယ်…
Modem Applications
Modem အသုံးပြုပုံများ
Modem ဟာ
အင်တာနက်ချိတ်ဆက်ရာတွင် အသုံးပြုနိုင်ပါတယ်…
Exchange Information
မိမိအိမ်နဲ
့ အလုပ်ကို Network ချိတ်ထားမယ်ဆိုရင် E-mail (Electronic Mail) နဲ့  Office Files
များကို ပို့ တာနဲ့ လက်ခံတာကို Modem ကို အသုံးပြုနိုင်ပါတယ်…
Send and Receive Faxes
Modem ကို
အသုံးပြုပြီး Fax များကို ပို့ တာ နဲ့  လက်ခံတာကို ဆောင်ရွက်နိုင်ပါတယ်… မိမိကွန်ပျူတာမှာ
စာရိုက်ပြီး Fax modem မှတစ်ဆင့် တခြားကွန်ပျူတာနဲ့  Fax Machine ကို ပေးပို့ နိုင်ပါတယ်…
Modem အမျိုးအစားများ
Internal
Modem ဆိုတာ Circuit Board ဖြစ်ပြီး ကွန်ပျူတာ Casing ထဲရှိ Expansion slot မှာ တပ်ဆင်ထားပါတယ်…
Internal
Modem က External Modem ထက် ဈေးသက်သာပေမဲ့ Set up လုပ်ဖို့  ခက်ခဲပါတယ်…
External Modem
External
Modem ကတော့ သေးငယ်တဲ့ Box လေးပါပဲ… External Modem ကတော့ ကွန်ပျူတာတစ်လုံးထက်
ပိုသုံးနိုင်ပါတယ်…
Modem Speed
Modem ရဲ့
Speed ကို bits per second (bps) နဲ့  တိုင်းတာပါတယ်… အနည်းဆုံး
56Kbps (56-Kilobits per second) ရှိတဲ့ Modem ကို ၀ယ်ယူအသုံးပြုသင့်ပါတယ်…
ဒါကြောင့်
မိမိအိမ်တွင် အင်တာနက်တပ်ဆင်လိုပါက-
၁။ ကွန်ပျူတာတစ်စုံ
(Computer Case, Monitor, Keyboard, Mouse)
၂။ Modem
ရှိရပါတယ်… Internal Modem or External Modem
ကို အသုံးပြုနိုင်ပါတယ်…
၃။
Digital Telephone Line ရှိရပါမယ်…
၎။ အင်တာနက်ကို
ထုတ်လွှင့်ပေးနေသော Internet Service Provider ရှိရပါမယ်…
၅။ မိမိအိမ်တွင်
အင်တာနက်ကို ကွန်ပျူတာတစ်လုံးထက်ပိုမို ချိတ်ဆက်လိုပါက ကွန်ပျူတာများတွင် Network
Interface Card တပ်ဆင်ထားရပါမယ်…(Network နဲ့ ပတ်သက်၍ နောင်တွင် အသေးစိတ်
ရှင်းပြပါမယ်…)
အောက်ပါ မေးခွန်းတွေ ဖြေကြည့်ပါ။
မိမိအသုံးပြုတဲ့
ကွန်ပျူတာရဲ့ Operating System Software က ဘာလဲ ?
မိမိကွန်ပျူတာမှာ
ဘာ Application Software တွေ တင်ထားပါသလဲ?
မိမိအသုံးပြုတဲ့
CPU က ဘာအမျိုးအစားလဲ?
Harddisk
က ဘယ်လောက်ရှိသလဲ? (GB)
RAM ကရော
ဘယ်လောက်ထည့်ထားလဲ?(MB or GB)
DVD R/W တပ်ဆင်ထားသလား?
CD R/W တပ်ထားတာလား?
Graphic
Card ကရော ဘာအမျိုးအစားလဲ?
Monitor
Resolution ဘယ်လောက်လုပ်ထားလဲ?
ကိုယ့်ကိုဖြေကြည့်ပါ
No comments:
Post a Comment
မှတ်ချက်ရေးသားထားခဲ့နိုင်ပါတယ်။ ကျေးဇူးပါ။